မြိတ် ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို မြိတ်စာဖြေဌာနအဖြစ် မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနဗိမာန်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပလျက်ရှိရာ သီလရှင်နှင့် လူပုဂ္ဂိုလ်များက အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူးဆောင် စာမေးပွဲများကို စတင်ဖြေဆိုလျက်ရှိကြသည်။
အဆိုပါစာမေးပွဲများကျင်းပရာတွင် အဘိဓမ္မာ(ရိုးရိုး) ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ အဘိ ဓမ္မာ(ဂုဏ်ထူးဆောင်) ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်နှင့် ဝိသုဒ္ဓိမဂ် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဟူ၍ စာမေးပွဲများကို ဒီဇင်ဘာ(၉)ရက်မှ(၁၁)ရက်နေ့ အထိ သာသနာရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပခြင်းဖြစ်သည်။
မြိတ်စာဖြေဌာနတွင် အဘိဓမ္မာ(ရိုးရိုး) ပထမအဆင့်တွင် သီလရှင်(၂၉)ပါး၊ လူပုဂ္ဂိုလ်(၄)ဦးနှင့် အဘိ ဓမ္မာ(ဂုဏ်ထူးဆောင်) ပထမအဆင့်တွင် သီလရှင်(၂)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဘိဓမ္မာ(ရိုးရိုး) ဒုတိယအဆင့်တွင် သီလရှင်(၁၃)ပါး၊ လူပုဂ္ဂိုလ်(၉)ဦးနှင့် အဘိဓမ္မာ(ဂုဏ်ထူးဆောင်) ဒုတိယအဆင့်တွင် သီလရှင်(၂)ပါး၊ လူပုဂ္ဂိုလ်(၁)ဦးနှင့် အဘိဓမ္မာ(ရိုးရိုး) တတိယအဆင့်တွင် သီလရှင်(၁၆)ပါး၊ လူပုဂ္ဂိုလ်(၈)ဦးနှင့် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) တတိယအဆင့်တွင် လူပုဂ္ဂိုလ်(၁)ဦး ဖြေဆိုရန်စာရင်းပေးထားကြောင်း မြိတ်ခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါစာမေးပွဲများ ကျင်းပရာတွင် မြိတ်စာဖြေဌာန၌ စာမေးပွဲကြီးကြပ်ရေး ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဖြင့် ကျင်းပလျက်ရှိသည်။ အလားတူ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို ပုလောမြို့စာဖြေဌာနတွင်လည်း ကျင်းပလျက်ရှိရာ အဘိဓမ္မာ(ရိုးရိုး)ပထမအဆင့်တွင် သီလရှင်(၃)ပါးနှင့် လူပုဂ္ဂိုလ်(၁၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)