ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်း က ကျွန်းစုမြို့၊ ကမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ အ.လ.က တီးပူကျောင်းနှင့် အ.ထ.က(ခွဲ)က ဘင်းချောင်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။