သတင်းများ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်  ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲပြီး စက်ဘီးစီးနင်းပွဲ ပါဝင်ဆင်နွဲခဲ့သူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်
Dec 09,2023
မကွေးတိုင်းဒေသကြီး၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယပတ်)သို့ ပါဝင်ဆင်နွှဲ
Dec 09,2023
ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေး အားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများရှိလာစေရေးနှင့် ကိုယ်လက်လှုပ်ရှားအားစား ပြုလုပ်၍ ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယပတ်)ကို ယနေ့ နံနက် ၆ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပသည်။
ကျွန်းလှမြို့၌ လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းဆောင်ရွက်
Dec 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀‌၂၄ ပညာသင်နှစ်၊ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်နိုင်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်း ကို ယမန်နေ့က ရွှေကျွန်းမြေအားကစားကွင်း၌ ဆောင်ရွက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် မျက်စိခွဲစိတ် ကုသမှုအား ဖြည့်ဆောင်ရွက်နိုင်ရေး စီမံချက်ဆောင်ရွက်
Dec 09,2023
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၏ အကူအညီ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိခွဲစိတ်ကုသမှု-အား ဖြည့်ဆောင်ရွက်ခြင်း စီမံချက်အရ ရန်ကုန်မြို့ မျက်စိအထူးကု ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် (၂)ဦးနှင့် သူနာပြု(၂)ဦး၊ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်(၁)ဦးနှင့် သူနာပြု (၅) ဦးတို့က မျက်စိအတွင်းတိမ် အခမဲ့ ကုသပေးခြင်း လူနာ(၁၀၀)ဦး၊ ပါဝါမျက်မှန် အခမဲ့ စမ်းသပ်ပေးခြင်း လူနာ(၁၀၀၀)ဦးအား အခမဲ့ စမ်းသပ်ကုသပေးခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် (၂၄) ကြိမ်မြောက် မြန်မာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်) ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ
Dec 09,2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်)တို့တွင် ကော့သောင်း ခရိုင်မှ ဆုရရှိခဲ့ကြသူများအား ခရိုင်နှင့် တိုင်းဒေသကြီးမှ ထပ်ဆင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ ညနေခင်းက ကော့သောင်းမြို့၊ မဉ္ဇူသက ခန်းမတွင် ကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်၌ မျိုးသန့်ပွားမျိုးစေ့ (DU-12) မိုးစပါးစံကွက် စတင်ရိတ်သိမ်း
Dec 09,2023
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့် နည်းပညာသုံး သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ မိုင်းယွန်းကျေးရွာ တောင်သူဦးကုန္န၏ လယ်မြေ၌ ယမန်နေ့ နံနက် (၉) နာရီက မျိုးသန့်ပွားမျိုးစေ့ (DU-12) မိုးစပါး စံကွက်စတင်ရိတ်သိမ်းကြောင်း သိရသည်။
ဝေါမြို့ဓမ္မမေဒိနီဘုန်းတော်ကြီးသင်ပညာရေးကျောင်း ရွှေပဒုမ္မာစာကြည့်တိုက်ဖွင့်ပွဲကျင်းပ
Dec 09,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့ အေးချမ်းသာယာရပ်ကွက် ဓမ္မမေဒိနီဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ Lotus World (Myanmar) ကုမ္ပဏီမှ လှူဒါန်းသော ရွှေပဒုမ္မာ စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ကျင်းပခဲ့သည်။
ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ
Dec 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်း (၅)ရက် ဖွင့်လှစ်သင်ကြားပြီးဖြစ်၍ သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ (၃) နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။