ကျောက်ဆည် ဒီဇင်ဘာ ၁၀
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့မွန်းလွဲ (၂)နာရီက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များ၏ ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနည်းစာပြန်ပွဲနှင့် ရာပြည့်အထိမ်းအမှတ်စာစောင် အောင်မြင်စွာထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျောက်ဆည်မြို့ မဟာဂန္ဓာရုံကျောင်းတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တစန္တိမာ(ရွှေကျင်)ဆရာတော်နှင့် အဖွဲ့ဝင်သံဃာတော်များ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးငွေဒိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အကျိုးတော်ဆောင်ဘဒ္ဒန္တကဏ္ဍိတ မဟာဂန္ဓာရုံးကျောင်းဆရာတော်မှ သာသနာတော် အဓွန့်ရှည်ရေးတည်တံ့ခိုင်မြဲစေရန်ရည်ရွယ်၍ ရွှေကျင်နိကာယဝိနည်းစာပြန်ပွဲနှင့် ရာပြည့်အထိမ်းအမှတ်စာစောင်ကို ဆရာ/ဒကာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားခဲ့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တစန္တိမာ(ရွှေကျင်) ဆရာတော်မှရွှေကျင်နိကာယဝိနည်းစာပြန်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းများအကြောင်း မိန့်ကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးငွေဒိုး၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးအောင်သူ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇောဦးတို့က ရန်ကုန်-မန္တလေး-တံတားဦး မြို့တွင်များတွင် အခမ်းအနား ကျင်းပပြုလုပ်မည့်မုဒ်ဦးများ ဆောက်လုပ်သွားရေးနှင့်အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများနှင့် သံဃာတော်များ တည်ခိုမည့်နေရာများတွင် ကြိုတင်ပြင်ဆင်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အကြောင်းများ တင်ပြဆွေးနွေးခဲ့ကြာင်းနှင့် ရွှေကျင်နိကာယဝိနည်းစာပြန်ပွဲကို ကျောက်ဆည်မြို့ မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့အထိ (၃)ရက်အကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်