ပျဉ်းမနား ဒီဇင်ဘာ ၁၀
နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီးခုတင်(၂၀၀)ဆေးရုံကြီး နှင့် တပ်ကုန်းမြို့ခုတင်(၁၀၀)ဆေးရုံမှ အထူးကုဆရာဝန်များပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာ အခြခံပညာအထက်တန်းကျောင်းခွဲ၌ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်ကုသရေးဦးစီးဌာန ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ်အထူးကု၊ သွားအထူးကု၊ အရိုးအထူးကု ဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက လာရောက်ဆေးကုသမှုခံယူသည့် ဆင်သေကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊ အာဟာရဖြစ် စားသောက်ဖွယ်ရာပစ္စည်းများနှင့် နေ့စဉ်ထုတ်သတင်းစာများအား ပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများအား အမှတ်တရသစ်သီးခြင်း ပေးအပ်သည်။
ယနေ့ ဆင်သေကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါလူနာ ၁၀၈ ဦး၊ မျက်စိလူနာ ၁၀၀ ဦး၊ ခွဲစိတ် ၁၅ ၊ အရိုးလူနာ ၄၅ ဦး၊ ကလေးလူနာ ၂၃ ဦး၊ သားဖွားမီးယပ်လူနာ ၉၄ ဦး၊ သွား လူနာ ၂၇ ဦး၊ စုစုပေါင်းလူနာ ၄၁၂ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း အမီလိုက်ကာကွယ်ဆေးထိုးခြင်း ၄ ဦး၊ Special Immunization Activities ၁၈ ဦး၊ Covid ကာကွယ်ဆေး ၆ ဦး အဓိကမကူးစက်နိုင်သောရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဆင်သေကျေးရွာအတွင်းရှိ တောင်သူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အနေဖြင့် မြို့ပြနှင့် ကျေးလက်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကျေးရွာနေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားစေရန်၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် သီးနှံအထွက်နှုံးကောင်းမွန်စေရေးအတွက် မိမိတို့စိုက်ပျိုးမည့် မြေအနေအထားပေါ်မူတည်ပြီး မျိုးကောင်းမျိုးသန့်များ သုံးစွဲစေရန်၊ တောင်ပေါ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများက သီးနှံစိုက်ပျိုးရေးနှင့် ပတ်သက်သည့်ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်း ကျောင်းခွဲ(ဆင်သေ)တွင် Grade-12 အတန်းသစ်အတွက် ၁၀၀ ပေ x ၃၀ ပေ RCC ၂ ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ကျောင်းဆောင်သစ် ဆောက်လုပ်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားသကြားစက်သို့ ရောက်ရှိပြီး စက်လည်ပတ်မှုအခြေအနေများအား စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူး ဗိုလ်မှူး(ငြိမ်း) ဦးခင်မောင်အေးက စက်ရုံလည်ပတ်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စက်ရုံမှထွက်ရှိသော ဘေးထွက်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အာဟာရသုခဈေး သို့ရောက်ရှိရာ တာဝန်ရှိသူများက Steel Structure ၂၃၂ပေx ၁၆၀ပေ နှင့် ၁၆၀ပေ x ၈၆,၇၀ပေ ဈေးရုံအဆောက်အဦ(၂)လုံး တည်ဆောက်ရေးလုပ်ငန်းများ၊ အာဟာရသုခဈေးအတွင်း ဈေးရောင်ဝယ်မှု အခြေအနေများနှင့် ဈေးရုံသစ်များ တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က ဈေးအဆင့်အတန်းမီရေး၊ ကျန်းမာရေးနှင့်ကိုက်ညီတဲ့ ကိစ္စရပ်များအား စီစဉ်ဆောင်ရွက်ထားရန်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်လုပ်ငန်းများအား စီစဉ်ဆောင်ရွက်ထားရန်နှင့် ကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့စေရေး စနစ်တကျစီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး အာဟာရသုခဈေးအတွင်းရှိ ဆိုင်ခန်းများအား လိုက်လံကြည်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်း သို့ရောက်ရှိရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သိန်းက ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း ဆိုင်ခန်းများဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က စည်းကမ်းရှိပြီး စနစ်တကျရှိစေရန်၊ မြို့တော်ရဲ့ အင်္ဂါရပ်နဲ့အညီ ဖြစ်စေဖို့အတွက် ဆောင်ရွက်သွားရန်၊ သက်ဆိုရာဌာနဆိုင်များအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားရန်၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန်၊ ထိမ်းသိမ်းမှုအပိုင်းများကိုလည်း စနစ်တကျဖြစ်နေအောင် ဆောင်ရွက်သွားရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်သွားစေရေးလမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ကျောက်ချက်တံတား ဆောက်လုပ်နေမှုအခြေအနေများအား၊ ရာဇဌာနီလမ်း ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက်ပန်းမြိုင်လယ်ဥယျာဉ်သို့ရောက်ရှိရာ တာဝန်ရှိသူများက ဥယျာဉ်အတွင်း စီစဉ်ဆောင်ရွက်ထားသည်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် အဖွဲ့သည် ဥယျာဉ်အတွင်း စိုက်ပျိုးထားသည့် သစ်ပင်၊ ပန်းပင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် အဖွဲ့သည် မေတ္တာကန်သို့ရောက်ရှိပြီး ကန်ပတ်လမ်းတစ်လျောက် ပြည်သူများအေးချမ်းစွာ အနားယူရန်အတွက် စိုက်ပျိုးထားရှိသည့် သစ်ပင်၊ ပန်းပင် များ စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်အဖွဲ့သည် ပါဠိတက္ကသိုလ် မင်္ဂလာဈေယျုံပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး စာသင်တိုက်အတွင်း သန့်ရှင်းရေးဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက် သစ်ပင်သစ်ကိုင်းရှင်းလင်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် အဖွဲ့သည် ကန်တော်မင်္ဂလာရှမ်းကန်သို့ရောက်ရှိပြီး အသစ်တိုးချဲ့ဆောက်လုပ်လျက်ရှိသည့် ရေလယ်ဘုရားကျောင်းဆောင်၊ ရှင်ဥပဂုတ္တဘုရားကျောင်းဆောင်၊ လျောက်လမ်းတံတား တည်ဆောက်နေမှုအခြေအနေများနှင့် ကန်ပတ်လမ်းတစ်လျောက် စိုက်ပျိုးထားသည့် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကန်အတွင်းအပြင်နှင့် ကန်ပတ်လမ်းတစ်လျှောက် သာယာလှပစေရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်အဖွဲ့သည် လွတ်လပ်ရေးမော်ကွန်းကျောက်စာတိုင် ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လွတ်လပ်ရေးမော်ကွန်းကျောက်စာတိုင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)