တပ်ကုန်း ဒီဇင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဝိသမလောဘသားများ ဈေးကစားလိုသည့် လုပ်ငန်းရှင်များ မရှိစေရေး၊ အခြေခံကုန်ပစ္စည်းများ ထုတ်လုပ်တိုးချဲ့နိုင်ရေး၊ စက်သုံးဆီ၊ စားသုံးဆီများ လုံလောက်စွာရရှိရေး၊ MSME ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပြီး၊ ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့နိုင်ရေး၊ စပါးအပါအဝင် ဆီထွက်သီးနှံများနှင့်အခြားသီးနှံများ လျာထားချက် ပြည့်မီကျော်လွန်ပြီး ပန်းတိုင်အထွက်နှုန်းပြည့်ပစွာ ရရှိရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်ချက်များ မူဝါဒနှင့်အညီ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချမှု၊ စက်သုံးဆီများ ဖြန့်ဖြူရောင်းချ မှုအခြေအနေများ၊ စပါးနှင့် ဆီထွက်သီးနှံများစိုက်ပျိုးမှုနှင့် ကြိတ်ခွဲမှုအခြေအနေ၊ အသားကဏ္ဍ ထုတ်လုပ်မှုအခြအနေတို့ကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ထုတ်ကုန်လုပ်ငန်းများ နစ်နာမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီထွေး၊ အဖွဲ့ဝင်များနှင့်အတူ သပြေသာကျေးရွာ၊ ကွင်းအမှတ်၊( ၁၂၇၉ )ကွင်း၊ တောင်သူ ဦးပင်၏ ရေဆင်းစပ်မျိုး နေကြာခင်းနှင့်ချည်မျှရှည်ဝါခင်းစိုက်ပျိုးမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ မိုးနံကုန်းကျေးရွာ၊ ကွင်းအမှတ်(၁၂၉၉)ကွင်း၊ တောင်သူ ဒေါ်မာစန်းနှင့်ဗိုလ်မင်းရောင် ရပ်ကွက်၊ ကွင်းအမှတ်၊ (၁၄၀၄)ကွင်း တောင်သူ ဦးလှသိန်းတို့၏ ဧရာမင်းမိုးစပါးစိုက်ခင်းများအား ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ရိုးမလွင် ဆီစက်လုပ်ငန်း၊ ရွှေပြည်သစ် ဆန်စက်လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တောင်သူများနှင့် လုပ်ငန်းရှင်များ၏ တင်ပြမှုများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်