သုံးခွ ဒီဇင်ဘာ ၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ ခရိုင် (၄)ခုရှိ မြို့နယ်(၄) မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်စက်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ယနေ့ (၉-၁၂-၂၀၂၃)ရက်နေ့ (၁၀း၀၀)နာရီအချိန်မှ (၁၅း၀၀)နာရီအချိန်အထိ သုံးခွမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ သုံးခွမြို့နယ်မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပါတီဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း(၅၁၃)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရှင်းလင်းပြသကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
စည်သူလင်း(ပြန်/ဆက်)