ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၁
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစောမောင်သန်း၊ လက်ထောက်ဦးစီးမှူး ဦးထွန်းထွန်းအောင်တို့ ဦးဆောင်၍ သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးတာဝန်ခံများနှင့် ဈေးသူ၊ ဈေးသားများအား လျှပ်စစ်မီး၊ မီးဖိုမီးများ စနစ်တကျ သတိရှိစွာ သုံးစွဲရေး လျှပ်စစ်မီးခလုတ်၊ ဘတ်ထရီမီးများအား သေချာစွာစစ်ဆေးအသုံးပြုရေး၊ ဆိုင်ခန်းများတွင် အရေးပေါ် မီးသတ်ဆေးဘူးထားရှိရေး၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းဆက်သွယ် အကြောင်းကြားရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဈေးတာဝန်ခံများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)