ကာလိမြို့၌ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ကာလိ ဒီဇင်ဘာ ၁၁

ကာလိမြို့၌ စက်သုံးဆီအရောင်းဆိုင်များအတွင်း စက်သုံးဆီပြတ်လျက်မှုမရှိစေရေးနှင့် ဓာတ်ဆီ၊ စက်ဆီစျေးနှုန်းများ ပုံမှန်ရောင်းချနေမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၉ ရက် နံနက်(၁၀)နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်း ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးဦးစီးဌာန ဦးစီးမှူး ဦးခင်ဇော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲနှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ကာလိမြို့အတွင်း စက်သုံးဆီများ ပြတ်လျက်မှုမရှိစေရေး၊ ဓာတ်ဆီ၊ စက်ဆီများပုံမှန်ရောင်းဝယ်မှုရှိစေရေး၊ စက်သုံးဆီသိုလှောင်ကန်များ စနစ်တကျထားရှိမှုရှိ၊ မရှိစစ်ဆေးခြင်း၊ မီးဘေးလုံခြုံမှုရှိစေရေး၊ မီးသတ်ဆေးဗူးများ ကောင်းမွန်မှုရှိမရှိ စစ်ဆေးခြင်းနှင့် ရေလှောင်ကန်ထားရှိမှုစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကာလိမြို့အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ဆီများပြတ်လျက်မှုမရှိကြောင်းနှင့် ဆီများကို ပုံမှန်စျေးနှုန်းအတိုင်း အကန့်အသတ်မရှိ‌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)