သတင်းများ

စလင်းမြို့နယ် ပေါက်လေးပင်ကျေးရွာအုပ်စုအတွင်းရှိ ဆင်ပွတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်
Dec 11,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ် ပေါက်လေးပင်ကျေးရွာအုပ်စုအတွင်းရှိ ဆင်ပွတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပေါက်လေးပင်ကျေးရွာအုပ်စုအတွင်းရှိ ဆင်ပွတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (သစ်စိမ်းမြေဩဇာ) ပိုက်ဆံလျှော် စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ
Dec 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားစေရေး ကော်တီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊  မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်သူနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ငပုတောမြို့ အနောက်ပိုင်းရပ်ကွက် ကွင်းအမှတ် (၁၃၈၈)၊ ဦးပိုင်အမှတ် (၉၉/၂)၊ တောင်သူဦးမြဝင်း၏  ရိုးပြတ်ကျန်လယ်မြေ (၃.၅၂)ဧကတွင် (သစ်စိမ်းမြေဩဇာ) ပိုက်ဆံလျော်မျိုးစေ့များအား စုပေါင်း စိုက်ပျိုးခဲ့ပြီး တာဝန်ရှိသူများအား အပင်များ စနစ်တကျ ရှင်သန်ကြီးထွားစေနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆင်ပေါင်ဝဲမြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Dec 11,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး‌ ဟောပြောပွဲ ဆောင်ရွက်
Dec 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကံကြီးကျေးရွာအုပ်စုရှိ  အ.မ.က(ဥတို)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့ မြို့မမင်္ဂလာဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Dec 11,2023
ရှမ်းပြည်နယ် ညောင်ရွှေမြို့ မြို့မမင်္ဂလာဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလက်တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့ အ.ထ.က(ခွဲ) အ.လ.က (၃)ကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Dec 11,2023
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲခန့်က အ.ထ.က(ခွဲ)၊ အ.လ.က(၃) မေတ္တာခန်းမတွင် ကျင်းပကြောင်းသိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၄၃၅ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ
Dec 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၄၃၅) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ ဆောင်ရွက်ပေး
Dec 11,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများအား အမြင်အာရုံကောင်းမွန်စေရန်အတွက် မျက်စိကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို တောင်ငူခရိုင်မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်ဝင်းမော် ဦးဆောင်သော ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မျက်စိကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံဝင်းအတွင်းရှိ လူနာစောင့်များ နားနေဆောင်တွင်  ဆောင်ရွက်ပေးခဲ့သည်။