လက်ပံတန်းမြို့၌ အသက်မွေး၀မ်းကြောင်းအထောက်အကူပြုသင်တန်း ဖွင့်လှစ်
Dec 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကွမ်းခြံကျေးရွာအုပ်စု၊ ကျေးနီကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။