သတင်းများ

တာချီလိတ်မြို့၌ (၁၆)ကြိမ်မြောက် အာခါတိုင်းရင်းသားများစုပေါင်း ခါးထောင်းဖါးပွဲတော်ကျင်းပ
Dec 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အာခါတိုင်းရင်းသားတို့၏ (၁၆)ကြိမ်မြောက် အာခါတိုင်းရင်းသားများ စုပေါင်းခါးထောင်းဖားပွဲတော်ကို ယမန်နေ့ညနေ ၄ နာရီက တာချီလိတ်မြို့၊ ပါလျှံ ၁ ရပ်ကွက်၊ တာဟွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကံမမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေး (campaign)ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ် အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေ
Dec 11,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း campaignနှင့် ကြွပ်ကြွပ်အိတ် အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီက အဆိုပါ ဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့ အမှတ် (၁၇)ရပ်ကွက်တွင် အခြေခံစားသောက်ကုန် ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Dec 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက် ယနေ့နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၇) ရပ်ကွက်အတွင်း ရောင်းချပေးခဲ့သည်။
ကဝမြို့နယ်တွင် အခြေခံပညာအလယ်တန်းကျောင်း (ချောင်းခွ)၌ လူငယ်စကားဝိုင်း ကျင်းပ
Dec 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများ ရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ချောင်းခွ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ထိခိုက်မှုကင်းဝေးစေရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ပလတ်စတစ်ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းကို ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
တာမွေမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 11,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး နယ်မြေခရိုင် (၄)ခုရှိ မြို့နယ် (၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။
မြောင်းမြမြို့နယ်တွင် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဒိမဂ်စာမေးပွဲ ကျင်းပ
Dec 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ဦးစီးကျင်းပသော ပထမအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဒိမဂ် စာမေးပွဲကို အ-ထ-က(၁) ကျောင်းခန်းမ၌ ဒီဇင်ဘာ(၉)ရက်‌နေ့မှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
မံစီမြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 11,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မောရဝတီရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။