ကာလိ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ဟောပြောပွဲကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့ခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝစေရန်၊ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ သုတ၊ ရသစာအုပ်စာစောင်များ လေ့လာဖတ်ရှု့စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ရာ“ အလိမ္မာစာမှာရှိ”၊ “ လူငယ်နှင့် စာပေတန်ဖိုး” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး အ.မ.က(မိုင်းယိုင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုရန်နှင့် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ နံရံကပ်စာစောင်များပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ ပြန်/ဆက်)