မိုင်းတုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းနှင့် စာအုပ်၊ စာ‌စောင်ပြပွဲပြုလုပ်

မိုင်းတုံ ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ‌ ဒေါက်တာ ခင်မောင်ညို၏  "လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း" စာအုပ်ကို ယနေ့နံနက် ၁၀ နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဒေါ်သန်းသန်းရီက ဦးဆောင်၍ "လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း"  စာအုပ်သည်မျိုးဆက်သစ်လူငယ်များ၏ အ‌တွေးအမြင်အယူအဆမှန်ကန်‌စေပြီး ဉာဏ်ရည်ဉာဏ်‌ သွေးမြင့်မားကာအဆုံးအဖြတ်‌ပေးနိုင်၍ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် သားကောင်း‌သမီးကောင်းလေးများ‌ ပေါ်ထွန်းလာစေရန် လမ်းပြပေး‌သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ဆွေးနွေးပြီး‌နောက် ဒီစာအုပ်သည် လူငယ်အများစု လေ့လာဖတ်ရူ့သင့်သော အသိပညာဗဟုသုတရ‌ စေသည့်အပြင် လူငယ်တို့၏ အနာဂတ်အတွက် အကျိုးရှိစေသည့်စာအုပ်‌ကောင်းတစ်အုပ်ဖြစ်‌ကြောင်း အကြံပြုခဲ့သည်။ ဆက်လက်၍(Book Club)အဖွဲ့ဝင်များက စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ "လူငယ်နှင့်  အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း" စာအုပ်ကိုအပြန်အလှန်‌ ဆွေးနွေးပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်၊ စာစောင်များ ခင်းကျဉ်းပြသမှုကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)