ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးသည့် သွင်းအားစုများရယူ၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်းသား ဦးကျော်၏ ညောင်ငူကျေးရွာ ကွင်းအမှတ် ၃၇၅၊ B ၏ လယ်၌ ယမန်နေ့က မိုးစပါးရိတ်သိမ်းနေကြောင်း သိရသည်။
အဆိုပါ မိုးစပါးရိတ်သိမ်းမှုအခြေအနေကို ကွမ်းခြံကုန်းမြို့နယ် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်များ ကုမ္ပဏီမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး တောင်သူ ဦးကျော်၏ လယ်မြေဧက (၁၀)စံကွက်အား ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အထွက်နူန်း ၇၂ တင်း ထွက်ရှိကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် အသင်း (၅)သင်းဖြစ်သော တော်ဒွန်းကုန်း စိုက်/ထွေ၊ ကရင်ချောင် စိုက်/ထွေ၊ ကော့ဒွန်း စိုက်/ထွေ၊ တိုးတက်ရေးလယ်ထွေ၊ ထွန်းရွှေဝါစိုက်/ထုတ်တို့ဖြင့် အသင်းသား (၁၁၇)ဦး၊ စိုက်ဧက (၁၂၆၀)ဧကအား နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံပိုးသည့် သွင်းအားစုများရယူ၍ စိုက်ပျိုးကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)