အ.လ.က(ဝိန်းကောင်)ကျောင်း၌ လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကျိုင်းတောင်း ဒီဇင်ဘာလ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌  အခြေခံပညာအလယ်တန်းကျောင်း(ဝိန်းကောင်)သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခုဖြစ်သည့် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး  ဦးစိုင်းသီဟထွန်းက လွတ်လပ်ရေး၏အဓိပ္ပာယ်ကို ရှေးဦးစွာ ရှင်းလင်းဆွေးနွေးပြောကြားပြီး လွတ်လပ်ရေးနေ့နှင့်သက်ဆိုင်သော သိကောင်းစရာများ၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသားများနှင့်အတူ အပြန်အလှန်ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လွတ်လပ်ရေးနေ့နှင့်သက်ဆိုင်သော နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို အခြေခံပညာအလယ်တန်းကျောင်း(ဝိန်းကောင်)ရှိ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)