ဖျာပုံမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသ ဆောင်ရွက်
Dec 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ဖျာပုံမြို့နယ် အ.လ.က (ကျောက်ရဲ)ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။