ကွန်ဟိန်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၈.၈)သန်းဖြင့် အမှတ်(၂)ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ရာသီမရွေးဝင်ထွက်သွားလာမှု အဆင်ပြေစေရေး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက် ၁၀ နာရီခန့်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးနိုင်ဝင်းမင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သက်ဦးနှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီးစီးသော စဝ်စံထွန်းလမ်း၊ အ.ထ.က ကျောင်းလမ်းသွယ် အရှည် ၅၂၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ စဝ်စံထွန်းလမ်းပြီးစီးမှုအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြည့်မီမှုရှိ၊ မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)