ဥတ္တရသီရိမြို့နယ်တွင် ဆီထွက်သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်

ဥတ္တရသီရိ ဒီဇင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မောင်းရမ်းကျေးရွာနှင့် မင်းကုန်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မေသန်းနွယ်၊ မြေတာဝန်ခံ ဒေါ်ခင်ခင်မိုး၊ ပိုးမွှားရောဂါ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်နွယ်ဦးနှင့် ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆီထွက်သီးနှံများဖြစ်ကြသော မြေပဲ၊ နှမ်း၊ နေကြာများ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးတို့ကို အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်ဆက်)