တပ်ကုန်းမြို့နယ်၌ မိုးစပါးရိတ်သိမ်းချိန် နေ့စားအငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိ

တပ်ကုန်း ဒီဇင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးနှင့်လူမှုဘဝဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ အခြေခံလုပ်ကိုင်ကြပြီး၊ လယ်ယာမြေများတွင် စပါးနှင့်မီးဖိုချောင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ၂၀၂၃ ခုနှစ် မိုးစပါးရိတ်သိမ်းချိန်ကာလအတွင်း နေ့စားအငှားလိုက်သူများ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိကြောင်း အငှားလိုက်သူထံမှ သိရသည်။

ယခုနှစ် မိုးရာသီစပါးရိတ်သိမ်းချိန်တွင် လှမ်းဝေသည့် လယ်ယာမြေတစ်ချို့မှာ စက်ဖြင့် ရိတ်သိမ်းနိုင်မှုမရှိခြင်း၊ တောင်သူအများစုမှာ ခေတ်မီလယ်ယာသုံး စက်ကိရိယာများ ပိုင်ဆိုင်သုံးစွဲနိုင်ခြင်းမရှိသောကြောင့် စပါးရိတ်အလုပ်သမားနေ့စား ငှားရမ်းရကြောင်း၊ ကျေးရွာဒေသပေါ်မူတည်ပြီး အလုပ်သမားနေ့စားခ ကွာခြားကြောင်း၊ စပါးရိတ်နေ့စား အငှားသမားတစ်ဦးကို တစ်မနက် ၄၅၀၀ကျပ်နှုန်းပေးရကြောင်း၊ စပါးစိုက်ခင်းတစ်ဧကကို အလုပ်သမား ၂၀ဦးလောက် ငှားရမ်းရိတ်သိမ်းရကြောင်း စပါးစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

တပ်ကုန်းမြို့နယ်တွင် မိုးစပါး ၄၆၄၄၅ ဧကလျာထားစိုက်ပျိုးခဲ့ရာ မိုးစပါးများကို ၄၈၄၇၂ ဧက စိုက်ပျိုးနိုင်သဖြင့် မိုးစပါးလျာထားဧကထက် ၂၀၂၇ဧက ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်