ချောက်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ချောက် ဒီဇင်ဘာ ၁၅

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ချောက်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ​ပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးနေ့နှင့်လူငယ်တာဝန်”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “ထိန်းသိမ်းမြတ်နိုးလွတ်လပ်ရေးတန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ခေါင်းစဥ် ၅ ခုဖြင့် လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

ကျပန်းစကားပြောပြိုင်ပွဲတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သိမ့်ဝါ၊ အ.ထ.က(၃) ကျောင်းအုပ်ဆရာကြီးဦးသက်ထွန်း၊ အ.ထ.က(ခွဲ)ညောင်နီကျင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်စန္ဒာအောင်တို့က အမှတ်ပေးဒိုင်များအဖြစ် အနီးကပ်ကြီးကြပ်​ဆောင်ရွက်ခဲ့​​ကြသည်။

ပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့​ကြ​ပြီး ​ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအနေဖြင့် ခရိုင်အဆင့်ပြိုင်ပွဲသို့ ဆက်လက်ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)