နတ်တလင်း ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဦးဆောင်သော ကျေးလက်နေပြည်သူများ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းရည်ရွယ်ချက်အနေဖြင့် မြို့ပြနှင့်ကျေးလက် ကွာကြားချက် ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ကဏ္ဍကြီး(၆)ရပ် ချပြရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မှန်တန်းကြီးကျေးရွာတွင် ပြလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် နတ်တလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ထွန်းမှ ခေတ်မီစံပြကျေးရွာစီမံကိန်းများနှင့်ပက်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဌေးအောင်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဟောပြောခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမျိုးသက်ခိုင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထိန်လင်းအောင်မှ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကျား-မရေးရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော မှန်တန်းကြီးခေတ်မီစံပြကျေးရွာနှင့် ဒမငယ်ခေတ်မီစံပြကျေးရွာတို့မှ ဒေသခံပြည်သူများမှ သိရှိလိုသည်များကို မေးမြန်ဆွေးနွေးရာ ကဏ္ဍအလိုက် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)