အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင် ကျီရပ်ကုန်းကျေးရွာ၌ မိုးစပါးစိုက်ပျိုးထားရှိမှု စံကွက်ရိတ်သိမ်း

အောင်လံ နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင်ရေသောက်ဧရိယာမှ မိုးစပါးစံကွက် ရိတ်သိမ်းမှုကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ရာ အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရေအရင်းမြစ်ဦးစီးဌာနခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ ပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းမှု အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းမှုတွင် ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင်ရေသောက်ဧရိယာမှ ကျီရပ်ကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၂၀၃-A)မြင့်ဦးအရှေ့ကွင်း ဦးပိုင်အမှတ်(၄၄) ဧရိယာ(၁.၀၀) ဧကရှိ တောင်သူဦးမြင့်၏ မှော်ဘီစပါးမျိုးအား စံကွက်ရိတ်သိမ်းရာ ၁ ဧကလျှင် အစိုထွက် (၁၀၅.၄၃)တင်း ထွက်ရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)