ဘိုကလေး ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက် (၁၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်း အစည်းအဝေးခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ ဆောင်ရွက်သည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ကြပြီး ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက မိမိတို့ မြို့နယ်အတွင်း လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားမှု မရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းတွင် နေထိုင်ကြသော ပြည်သူများကိုလည်း လူကုန်ကူးမှုနှင့် ပတ်သတ်သော အသိပညာများ မျှဝေကြရန် လိုအပ်ကြောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးမျိုးအောင်ထွန်းက လူကုန်ကူးမှုနှင့် ပတ်သတ်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဥပဒေများအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ တက်ရောက်လာသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)