မိုးညှင်း ဒီဇင်ဘာ ၁၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နန့်လှိုင်ကျေးရွာ(စာထားကွင်း) ဆီထွက်သီနှံ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ် တာဝန်ရှိသူများနှင့်အတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်းအား သွားရောက်စစ်ဆေးခဲ့ရာ Northern Jade Land ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ထားရှိသည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကာ ခရိုင်ဦးစီးမှူးက ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများအား ဓာတ်ပုံမှတ်တမ်းများဖြင့် အပတ်စဉ် ပေးပို့တင်ပြကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်းသည် အရှည် (၇)ဖာလုံ၊ အကျယ် (၁၂)ပေ၊ အမြင့် (၂)ပေနှင့် (၉)လက်မရှိ မြေသား သဲကျောက်ခင်းခြင်းလုပ်ငန်းနှင့် ရေပြွန် (၂)စင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ် (၁၂၆) ဒဿမ (၁၄၃)သန်းဖြင့် တင်ဒါအောင်မြင်သည့် Northern Jade Land ကုမ္ပဏီမှ တာဝန်ယူပြီး အောက်တိုဘာ (၉)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများမှာ (၄၅) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၎င်းလမ်းအား ဆောင်ရွက်ပြီးစီး သွားပါက လယ်ဧက (၁၉၂)ဧကနှင့် လူဦးရေ(၄၁၄)ဦးအတွက် များစွာ အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း