မြောင်းမြမြို့ အ.မ.က (ကြာဖူးငုံ) ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မြောင်းမြ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (ကြာဖူးငုံ) ကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေ ဗဟုသုတနှင့် စာဖတ်သည့်အလေ့ အထများရရှိစေရန် ရည်ရွယ်၍  ဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့  နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် “မွေးနေ့အကြောင်း သိကောင်း စရာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်သန္တာမှ နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့သည်။      

အဆိုပါ ဟောပြောပွဲတွင် ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊  ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)