ရန်ကုန် ဒီဇင်ဘာ ၁၇
သန်လျင်ခရိုင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒွါဒသမတန်း Grade-12 စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီတွင် သန်လျင်မြို့ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အဆိုပါအောင်ချက်မြင့်မားရေး ဆွေးနွေးပွဲဖွင့်ပွဲသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ခင်သန်းဦးနှင့် တာဝန်ရှိသူများ၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ သန်လျင်ခရိုင် ပညာရေးမှူးဦးဘသန်းနှင့် ခရိုင်အတွင်းရှိမြို့နယ်များမှ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်အတွင်းရှိမြို့နယ်များမှ အထက်တန်းပြဆရာဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အစီအစဉ်အရ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ခင်သန်းဦးတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒွါဒသမတန်း Grade12 စာမေးပွဲအောင်ချက်မြင့်မားရေးနှင့် စပ်လျဥ်း၍ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဒွါဒသမတန်း Grade12 စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကို ဒီဇင်ဘာ (၁၇) ရက်နေ့ထိ နှစ်ရက်ကျင်းပသွားမည်ဖြစ်ပြီး ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များမှ ထက်တန်းပြဆရာ ဆရာမ (၄၇၁) ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)