ရန်ကုန် ဒီဇင်ဘာလ ၁၇
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်သို့ (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လာအိုနိုင်ငံ Ministry of Planning and Investment, Deputy Minister Mme. Phoneuanh Outhavong ပါ (၅) ဦးအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းတွင် ဘုရားဖူးမြော်ရန် ရောက်ရှိရာ ဧည့်သည်တော်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးအောင်မြတ်၊ ဦးစိန်သန်း၊ ဦးမျိုးမြင့်နှင့် ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်းတို့မှ ကြိုဆိုခဲ့ကြသည်။
ဘုရားဖူးရန် ရောက်လာသော ဧည့်သည်တော်များသည် ဆံတော်မြတ်ရတနာအား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပြီး ဆံတော်တိုက်ပတ်လည်ရှိ ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်း၊ နန်ဦးဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခြင်း၊ ဘိုးဘိုးကြီးကျောင်းဆောင်နှင့် မြနန်းနွယ် ဘုရားကျောင်းဆောင်နှင့် ရင်ပြင်တော်ရှိ တန်ဆောင်းများအား လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)