နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အရှိုချင်းရိုးရာကောက်သစ်စားပွဲ အခမ်းအနားတက်ရောက်

ကြံခင်း ဒီဇင်ဘာ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့်မှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်တွင် ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သော အရှိုချင်းရိုးရာကောက်စားပွဲအခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါကောက်သစ်စားပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဖဒိုမန်းငြိမ်းမောင် အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။

ဆက်လက်ပြီးချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအသင်းဥက္ကဋ္ဌ ဆလိုင်းလှမြင့်က ဆုတောင်းမေတ္တာပို့သပေးပြီး အတွင်းရေးမှူးဆလိုင်းအောင်ကိုကိုဦးက ကျေးဇူးတင်စကား ပြောကြားပြီးနောက် အရှိုချင်းတိုင်းရင်းသူများက ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ အခမ်းအနား တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိ ချင်းတိုင်းရင်းသားများနှင့် ကရင်တိုင်းရင်သားကိုယ်စားလှယ်အဖွဲ့များ၊ ဒေသနေ အရှိုချင်းတိုင်းရင်းသားများဖြင့် ကောက်သစ်စားပွဲကျင်းပကြသည်။

ထို့နောက်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် သောကြာဒူးကျေးရွာအုပ်စု၊ ကရင်စုကျေးရွာတွင် ဆင်းရွှေကြာ(၂)စိုက်ပျိုးထားရှိခြင်းအား ကြည့်ရှုရာ ကွင်းအမှတ်(၄)၊ ဦးပိုင်အမှတ်(မ/၂၉၅)၊ တောင်သူဦးဇော်ခိုင်၏ လယ်မြေ(၀.၅၀)ဧကနှင့် ကွင်းအမှတ်(၄)၊ ဦးပိုင်အမှတ်(၁၀၉ က)၊ တောင်သူဦးအေးထွန်း၏ လယ်မြေ (၀.၅၀)ဧကတွင် စိုက်ပျိုးထားသော ဆင်းရွှေကြာ(၂)စိုက်ပျိုးဖြစ်ထွန်းမှုအားကြည့်ရှုကာ တောင်သူများဖြင့်တွေ့ဆုံပြီး လိုအပ်သည့်များအား လမ်းညွှန်မှာကြားပြီးနောက် နေ့လည်(၂:၅၅)မိနစ်အချိန်တွင် မြန်အောင်မြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)