သတင်းများ

မိုင်းရယ်မြို့နယ် အ.ထ.က(ခွဲ)ဟိုယ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ ဟိုယကျေးရွာအုပ်စု အ.ထ.က(ခွဲ)ဟိုယတွင် ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ လူငယ်ရေးရာအသိပညာပေးခေါင်းစဉ်ဖြင့် သိမှတ်ဖွယ်ရာများကို ဆွေးနွေးဟောပြောခဲ့သည်။
ပေါင်းတည်မြို့၌ လမ်းဘောင်ချဲ့ခြင်းနှင့် ကျောက်ချောလမ်းခင်း၍ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ဆောင်ရွက်
Dec 18,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျောင်းကုန်း-မကျီးပင်-ဘိုကုန်း ကျေးရွာချင်းဆက် မြေနီလမ်းအား အဆင့်မြှင့်တင်ကာ လမ်းဘောင်ချဲ့ခြင်းနှင့် ကျောက်ချောလမ်းခင်း၍ ကျေးရွာကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 18,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကဗျာရေးဖွဲ့ပြိုင်ပွဲ ကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုကဗျာရေးဖွဲ့ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "သင့်ဘဝတိုးတက်အောင်မြင်ရေးအတွက် ခြေတစ်လှမ်း၏ထွက်ပေါက်"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Dec 18,2023
ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာလောကသစ္စာရေးသားသော" သင့်ဘဝတိုးတက်အောင်မြင်ရေးအတွက် ခြေတစ်လှမ်း၏ထွက်ပေါက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
ရွှေပြည်သာမြို့နယ်၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများ ဆောင်ရွက်
Dec 18,2023
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်သည် ရွှေပြည်သာမြို့နယ်၌ မြန်မာ့အီလက်‌ထရောနစ်မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး‌လေ့လာခြင်းများကို ယ‌နေနံနက် (၉)နာရီက ရွှေပြည်သာမြို့နယ် အ.ထ.က(၁) ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။
ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောကာ သရုပ်ပြဆောင်ရွက်
Dec 18,2023
မြို့နယ်တွင်းမီးဘေးအန္တရာယ်ကင်းဝင်းစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများကျယ်ပြန့်စေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ (၁၇) ရက် နေ့လယ်ပိုင်းအချိန်တွင် ဘိုကလေးမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောမှုနှင့်အတူ မီးငြိမ်းသတ်ရေး သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ချောင်းသာမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပေးနှိုးဆော်ခြင်းများ လိုက်လံဆောင်ရွက်
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား လိုက်လံအသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။