မိုးနဲမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကဗျာရေးဖွဲ့ပြိုင်ပွဲ ကျင်းပ

မိုးနဲ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုကဗျာရေးဖွဲ့ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကဗျာရေးဖွဲ့ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးပြိုင်ပွဲကို လွတ်လပ်ရေးနေ့ဒို့မမေ့ ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းကျောင်းရှိ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၆ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ‌ဆုရရှိကြမည့် ကျောင်းသား/သူများအား(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)