ရွှေပြည်သာမြို့နယ်၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများ ဆောင်ရွက်

ရွှေပြည်သာ ဒီဇင်ဘာ ၁၈

ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်သည် ရွှေပြည်သာမြို့နယ်၌ မြန်မာ့အီလက်‌ထရောနစ်မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး‌လေ့လာခြင်းများကို ယ‌နေနံနက် (၉)နာရီက ရွှေပြည်သာမြို့နယ် အ.ထ.က(၁) ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၌ ရွေးကောက်ပွဲအရာရှိနှင့် တာဝန်ရှိသူများက မြန်မာ့အီလက်ထရောနစ်မဲပေးစက် တည်ဆောက်ပုံ၊ စက်အသုံးပြုပုံ၊ နည်းလမ်းများစက်နှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ မဲပေးပုံနည်းစနစ်များကို မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ သိရှိနားလည်ပြီး ကောင်းမွန်စွာ အသုံးပြုဆောင်ရွက်နိုင်သည့်အထိ ရှင်းလင်းဆွေးနွေး၍ လက်တွေ့သရုပ်ပြကြသည်။

ထို့နောက် မဲဆန္ဒရှင်ပြည်သူများက မဲပေးစက်၏ ထိန်းချုပ်စက်ကို ကိုယ်တိုင်ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ကြရာ အချိန်တိုအတွင်း ဆန္ဒမဲများကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် မှန်မှန်ကန်ကန် မဲပေးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အခမ်အနားသို့ ရန်ကုန်မြောက်ပိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမောင်မောင်တင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်နှင် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ မဲဆန္ဒရှင်ပြည်သူများ၊ ပါတီကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)