ချောင်းသာမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပေးနှိုးဆော်ခြင်းများ လိုက်လံဆောင်ရွက်

ချောင်းသာ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား လိုက်လံအသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အသိပေးနှိုးဆော်မှုများဆောင်ရွက်ရာတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ် ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှ အိပ်ကြ ပါရန်၊ လျှပ်စစ်မီးအားသတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင်စာဆီများသို လှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ် ပတ်ဝန်းကျင်ရှိရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များမီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ ပါဝင်ကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးမှူးဦးချစ်သဲမောင်ဦးဆောင်ပြီး သန္ဓေနှင့်အရန်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်လမ်းမကြီးများ၊ လမ်းသွယ်များ၊ ဟိုတယ်ဇုန်များတလျှောက် မီးဘေးအန္တရာယ် ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)