မိုင်းရယ် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ ဟိုယကျေးရွာအုပ်စု အ.ထ.က(ခွဲ)ဟိုယတွင် ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ လူငယ်ရေးရာအသိပညာပေးခေါင်းစဉ်ဖြင့် သိမှတ်ဖွယ်ရာများကို ဆွေးနွေးဟောပြောခဲ့သည်။
ထိုသို့ ဆွေးနွေးဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ခင်မာလာက လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းဝင်းက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ (၇၀)ဦး တက်ရောက်ခဲ့ကြသည်။
ထို့နောက် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုအနေဖြင့် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/ သူများကို စာအုပ်စာစောင်များ၊ ပုံပြင်စာအုပ်များကို ငှားရမ်းပေးခဲ့သည်။
မိုင်းရယ်(ပြန်/ဆက်)