ပေါင်းတည်မြို့၌ လမ်းဘောင်ချဲ့ခြင်းနှင့် ကျောက်ချောလမ်းခင်း၍ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ဆောင်ရွက်

ပေါင်းတည် ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျောင်းကုန်း-မကျီးပင်-ဘိုကုန်း ကျေးရွာချင်းဆက် မြေနီလမ်းအား အဆင့်မြှင့်တင်ကာ လမ်းဘောင်ချဲ့ခြင်းနှင့် ကျောက်ချောလမ်းခင်း၍ ကျေးရွာကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အရှည် ၁ဒဿမ ၂ကီလိုမီတာ၊ အကျယ် ၄ ဒဿမ ၈၈ မီတာ နှင့် အမြင့် ၃၅၀ မီလီမီတာ ရှိလာမည့် အဆိုပါလမ်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ထောင်စုရန်ပုံငွေဖြင့် ခွင့်ပြုငွေ ၁၅၄ ဒဿမ ၇၆၆ ကျပ်သန်း အကုန်ကျခံကာ ငွေကြယ်မင်း ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဖောက်လုပ်ခင်းကျင်းလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ကျောင်းကုန်းကျေးရွာမှ ကုက္ကိုကုန်းကျေးရွာအထိ ဖောက်လုပ်ပြီးစီးကာ လုပ်ငန်း၏ ၄၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

သူရကြီး (ပေါင်းတည်)