သတင်းများ

ဆိပ်ဖြူမြို့နယ်၌ ငှက်ပျောပင်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုဝင်ငွေရရှိ
Dec 18,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဥယျာဉ်ခြံမြေနှင့် ကိုင်းစိုက်ပျိုးမြေတို့၌ ငှက်ပျောပင်စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူများ ငှက်ပျောပင်စိုက်ပျိုးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းကာ မိသားစုအတွက် အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် “အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း” မုန့်လုပ်နည်းသင်တန်း ထူးချွန် သင်တန်းသား/သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်
Dec 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ “အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း” မုန့်လုပ်နည်းသင်တန်း ထူးချွန်သင်တန်းသား/သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ထူးချွန်သင်တန်းသား/သူများ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဒက္ခိဏသီရိမြို့နယ်၊ ဓမ္မဝိဟာရီသီလရှင် ပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း
Dec 18,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဓမ္မဝိဟာရီပရိယတ္တိသီလရှင် စာသင်တိုက်သို့ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ပရိယတ္တိသီလရှင်စာသင်တိုက် လပြည့်ဝန်းကျောင်းဆောင်၌ ကျင်းပသည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၃) ဆင်းပွဲ ကျင်းပ
Dec 18,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကြီးကြပ်မှုနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူတာ (၃/၂၀၂၃)သင်တန်း ဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် မြို့မကျည်တောင်ကန် အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 18,2023
ပုဗ္ဗသီရိမြို့နယ် မြို့မကျည်တောင်ကန် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
သစ်သားတံတားမှ ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှု
Dec 18,2023
ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ရာသီမရွေးသွားလာမှု အဆင်ပြေစေရေး၊ လမ်းပေါ်သို့ရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ အမှတ် (၃) ရပ်ကွက်အတွင်း အ.မ.က (၁) ကျောင်းလမ်းပေါ်ရှိ သစ်သားတံတာအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ယနေ့နံနက် ၁၁ နာရီခန့်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၃ ခုနှစ်၊ အခြေခံပညာကျောင်းသားအားကစား ပွဲတော်တွင် အောင်ပွဲရ ပြည်နယ်အားကစားအဖွဲ့အား ဂုဏ်ပြု၊ မြစ်ကြီးနားဇုံအဆင့် တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများအား တက်ရောက်ဖွင့်လှစ်အားပေး
Dec 18,2023
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကြီးမှူး၍ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်သို့  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စတုတ္ထအဆင့်ရရှိခဲ့သော ကချင်ပြည်နယ် ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆဋ္ဌမအကြိမ်မြောက် ဓနုအမျိုးသားနေ့အထိမ်းအမှတ် ဒေသထွက်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 18,2023
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ဆဋ္ဌမအကြိမ်မြောက် ဓနုအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ပင်းတယမြို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ MSMEs ဒေသထွက်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေဥမင်ဘုရားနယ်မြေအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။