သတင်းများ

ခရိုင်အဆင့် သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 18,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့(က)ရပ်ကွက်တွင် စေတနာရှင်၊ အလှူရှင်များကစုပေါင်း၍ စတုဒိသာများကျွေးမွေးလှူဒါန်း
Dec 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်တရားများရရှိစေရန် စေတနာရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒိသာများကျွေးမွေးဧည့်ခံကြရာ ယမန်နေ့ညနေ(၃)နာရီအချိန်က လှိုင်းဘွဲမြို့(က)ရပ်ကွက်၊ ဘားအံလမ်းရှိ လှိုင်းဘွဲ-ဘားအံကားဂိတ်၌ ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။
ဒေးဒရဲမြို့ Community Centre ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သုတဓမ္မဒီပလိုမာ Level (2,3) စာမေးပွဲ ဧရာဝတီစာဖြေဌာန (၁) ကျောင်းကုန်းမြို့၌ ဖြေဆို
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဒက္ခိဏာရာမ (ရွှေကျင်) ပရိယတ္တိစာသင်တိုက် မျက်ရှင်တော်ပြည်လုံးချမ်းသာ ဘုရားကြီးဝန်း အတွင်းရှိ ဓမ္မသဟာယမဉ္ဇရီဗိမာန်တွင် ပညာဘူမိ တက္ကသိုလ်မှ ဦးစီးကျင်းပသော သုတဓမ္မ ဒီပလိုမာ Level(2,3) စာမေးပွဲ ဧရာဝတီ စာဖြေဌာန(၁) ဖြေဆိုမှုကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်ကစတင်ဖြေဆိုခဲ့ကြသည်။
ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်
Dec 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးကြီးတွင် ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ကျောက်ဆည်ခရိုင်၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် ဌာနဆိုင်ရာရုံးများတွင် စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်
Dec 18,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌ “လူငယ်ရေးရာအသိပညာပေး  ဟောပြောပွဲ” ကျင်းပ
Dec 18,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ “လူငယ်ရေးရာအသိပညာပေး” ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲတော)တွင် ကျင်းပပြုလုပ်ခဲ့သည်။