ဟုမ္မလင်းမြို့၌ အခြေခံငါးမွေးမြူရေးသင်တန်း သင်ရိုးအမှတ်စဥ်(၁) ဖွင့်လှစ်

ဟုမ္မလင်း ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် စစ်ကိုင်းက ဦးဆောင်ပြီး Worldish မှ နည်းပညာပံ့ပိုးမှုဖြင့် ကြီးမှူးကျင်းပသည့် အခြေခံငါးမွေးမြူရေးသင်တန်း သင်ရိုးအမှတ်စဥ်(၁) ဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက ဟုမ္မလင်းခရိုင်၊ မြေနီကုန်းရပ်ကွက်၊ ဟန္နမိဘမဲ့ဂေဟာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ် ဦးမြင့်အောင်က လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မှုကို ရှင်းလင်းပြောကြားခဲ့ပြီး World Fish မှ ဒုတိယစီမံကိန်းတာဝန်ခံ ဦးအောင်ဇော်ဝင်းက အနာဂတ်မြန်မာပြည့်ဝမ်းစာ ငါးမွေးမြူရေးစီမံကိန်းအကြောင်းများ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဟုမ္မလင်းမြို့ပေါ်ရှိ အသေးစားနှင့် အငယ်စား ငါးမွေးမြူးရေးလုပ်ကိုင်သူ သင်တန်းသား (၂၀)ဦးကို ၁ ရက်နှင့် ဟုမ္မလင်းမြို့နယ်စံကပ်ကျေးရွာရှိ အသေးစားနှင့်အငယ်စား ငါးမွေးမြူးရေးလုပ်ကိုင်သူ ၂၀ ဉီးကို ၁ ရက် စုစုပေါင်း (၄၀)ဦးအား  သင်တန်း ဆရာ/မများက  စာတွေ့/လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)