ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေး ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

ဟိုပုံး ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း လူထုအခြေပြု ငှက်ဖျား‌ရောဂါကာကွယ်ရေးစီမံကိန်း (Township Coordination and Advocacy Meeting) အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းလှိုင်က ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ပြီးမြောက်အောင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စေတနာ့ဝန်ထမ်းများနှင့်လည်း ပူးပေါင်းဆောင်ကြရန် မှာကြားခဲ့သည်။ ထို့နောက် လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်းမှ Training Officer ဒေါ်ခင်ဆွေဦးက စီမံကိန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း ကွင်းဆင်းကြီးကြပ်ရေးမှူး ဦးစည်သူမောင်က လူထုအခြေပြု ငှက်ဖျား‌ရောဂါကာကွယ်ရေးစီမံကိန်း၏ ရည်ရွယ်ချက်များ၊ ငှက်ဖျားရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်အတွင်း ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေတို့ကိုလည်းကောင်း၊ ငှက်ဖျားရောဂါဖြစ်ပွားပါက အခမဲ့ဆေး ကုသပေးနေမှုအခြေအနေတို့ကိုလည်းကောင်း  ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်း၊  ဌာနဆိုင်ရာအကြီးများနှင့် စေတနာ့ဝန်ထမ်းများက ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)