မိုးကုတ် ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ စားသုံးမှုအဆင်ပြေစေရန်အတွက် ရွှေဘိုပေါ်ဆန်မွှေး (၂၄)ပြည်အိတ် တစ်အိတ်လျှင် ငွေကျပ် ၁၂၆၀၀၀/-နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုဆလတ်ကျိုးတစ်အိပ်လျှင် ငွေကျပ် ၁၀၅၀၀၀/-နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၇၀၀/-နှုန်းဖြင့်လည်းကောင်း ယမန်နေ့နေ့လည် (၂) နာရီအချိန်က မြို့မရပ်ကွက်၊ မိုးလုံလေလုံအားကစားခန်းမ၌ ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချရာနေရာသို့ မိုးကုတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာဝန်ထမ်းများအား ရွှေဘိုပေါ်ဆန်းမွှေး၊ ရွှေဘိုဆလတ်ကျိုးနှင့် စားအုန်းဆီများ စနစ်တကျရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)