မိုးကုတ်မြို့နယ်၊ အ.ထ.က (ရေဦးကြီး)ကျောင်းတွင် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

မိုးကုတ် ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း (ရေဦးကြီး)၌ ဒီဇင်ဘာ(၁၈)ရက်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကြက်ခြေနီ၏အဓိပ္ပာယ်၊ ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဆောင်၍ ကြက်ခြေနီနည်းပြ ဆရာ/ဆရာမများ လူငယ်ကြက်ခြေနီကော်မတီဝင်များက လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အဆိပ်မိခြင်း၊ မူးမေ့ခြင်း၊ ပတ္တီးစီးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သော သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲသို့ အ..က (ရေဦးကြီး)ကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၂)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်အသိပညာပေး ဟောပြောသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)