ဒဂုံ ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်တွင် (၂၀-၁၂-၂၀၂၃)ရက်နေ့ နံနက်(၆)နာရီအချိန်က ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသား/အမျိုးသမီး အလွတ်တန်းဖိတ်ခေါ် စက်ဘီးပြိုင်ပွဲပန်းဝင်ခြင်း၊ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတိုင်းရင်းသားဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများ တက်ရောက်၍ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
စက်ဘီးပြိုင်ပွဲ အခမ်းအနားတက်ရောက်သူများအား ဌာနမှူး၊ စီမံရေးရာဌာနညွှန်ကြားမှုဖြင့် ဒုတိယဌာနမှူး (ခရိုင်/မြို့နယ်) ကြပ်မတ်၍ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများက အားကစားသမားများအား ရေသန့်ဗူးပေးဝေခြင်း၊ နံနက်ခင်းစာအဖြစ် ကောက်ညှင်းပေါင်း၊ လက်ဖက်ရည်/ကော်ဖီတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)