ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ်၊ ကိုယ်ပိုင် (သို့မဟုတ်)ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာနှင့် အမိန့်ကြော်ငြာစာ ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၀

ပဲခူးမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ယနေ့နံနက် ()နာရီအချိန်က ၂၀၂၃ခုနှစ်၊ ကိုယ်ပိုင် (သို့မဟုတ်)ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာနှင့် အမိန့်ကြော်ငြာစာ ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦးက ပုဂ္ဂလိကပညာရေးဥပဒေထွက်ရှိပြီး ()နှစ် အတွင်း အာဏာတည်နိုင်စေရေးအတွက် နည်းဥပဒေများမပေါ်ထွက်မီ ပညာရေးလုပ်ငန်းများ ပြတ်တောက်မသွားရန်နှင့် အဆင်ပြေချောမွေ့စေရန်အတွက်လည်းကောင်း၊ ဥပဒေ လမ်းညွှန်ချက်များအတိုင်း ဖြစ်ပေါ်စေရန်အတွက်လည်းကောင်း လိုအပ်သည့် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ဆောင်ရွက်လေ့ရှိတာကြောင့် အမိန့်ကြော်ငြာစာများ အပေါ်တွင် ဥပဒေကဲ့သို့ သဘောထားဆောင်ရွက်သွားကြဖို့လိုကြောင်း၊ ပုဂ္ဂလိက(သို့မဟုတ်) ကိုယ်ပိုင်ကျောင်းများအနေဖြင့် အသစ်ပြဌာန်းလိုက်သည့် ပုဂ္ဂလိကပညာရေး ဥပဒေအရ လျှောက်လွှာနှင့်အတူ လိုအပ်သည့် စာရွက်စာတမ်း အချက်အလက်များ ပြီးပြည့်စုံပါက ()နှစ် တည်ထောင်ဖွင့်လှစ်ခွင့်ပြုမှာ ဖြစ်ပြီး လိုအပ်ချက်များရှိနေပါက ယာယီဖွင့်လှစ်ခွင့်အနေဖြင့်သာ ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လိုအပ်သည့်အချက်အလက် စာရွက်စာတမ်း အထောက်အထားများ ပြည့်ပြည့်စုံစုံဖြစ်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးပညာရေးမှူး ဆရာကြီးဦးမျိုးဝင်းအောင်က ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းဆိုင်ရာ ကိစ္စများအားလည်းကောင်း၊ တိုင်းဒသကြီးပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး(ပညာ) ဆရာကြီးဦးခင်အောင်ရီက ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာများနှင့် အမိန့်ကြော်ငြာစာများအားလည်းကောင်း  ရှင်းလင်းပြောကြားကြသည်။

ယင်းနောက်တက်ရောက်လာကြသည့် ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိက ကျောင်းများမှ တာဝန်ရှိသူများက သိရှိလိုသည့် အချက်အလက်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး(ပညာ)တို့က ပြန်လည်ဖြေကြားဆွေးနွေးပြီး ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီ၊ နတ္တလင်းခရိုင် ()ခရိုင်မှ ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်း(၁၃၈) ကျောင်း၏ လျှောက်လွှာများအား ပဲခူးတိုင်းဒေသကြီး ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့မှ စိစစ်လက်ခံ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် တိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)