သတင်းများ

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်များနှင့် မဟာဗျုဟာဆန်ဆန် စဉ်းစားတွေးခေါ်မှုဆောင်းပါးဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Dec 21,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ဒို့ကျေးရွာဂျာနယ်ကို လူငယ်များဖတ်ရှုလေ့လာကြစေရန် ရည်ရွယ်၍ ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀) အမှတ်(၁၇)မှ မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) ရေးသားသည့် လူငယ်များနှင့် မဟာဗျုဟာဆန်ဆန် စဉ်းစားတွေးခေါ်မှုဆောင်းပါးဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွာရေးတက္ကသိုလ် ငွေရတုအထိမ်းအမှတ် ပင်မဆောင်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်
Dec 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် ငွေရတုအထိမ်းအမှတ် ပင်မဆောင်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ပင်မဆောင်အဆောက်အဦသစ်ရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင် ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Dec 21,2023
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဗဟန်းမြို့နယ်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ဆိုး​ဆေး အသိပညာ​ပေးလုပ်ငန်းများ​ ဆောင်ရွက်
Dec 21,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ဗဟန်းမြို့မဈေးအတွင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကိုဗစ်-၁၉ ရောဂါများ ကာကွယ်တားဆီးနိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များအား ပြည်သူများ၊​ စျေးရောင်းသူ ဝယ်သူများအား ဝေငှ​ပေးခြင်းနှင့် စားသောက်ကုန်များတွင် ခွင့်မပြုဆိုးဆေး သုံးစွဲခြင်းမရှိစေရန် အသိပညာပေးခြင်းတို့ကို ယမန်​နေ့နံနက် ၇ နာရီက ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ယစ်မျိုးဆိုင်ရာ အသိပညာ‌ပေးရှင်းလင်းပွဲ ပြုလုပ်
Dec 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယစ်မျိုးဆိုင်ရာအသိပညာ‌ပေးရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 21,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်တန်းသူ၊ သင်တန်းသားများအား အတွေးအခေါ်ဗဟုသုတများ ရရှိတိုးပွားလာစေရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နေလယ်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ တက်ရောက်
Dec 21,2023
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ငဖဲမြို့နယ်၌ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမျိုးစုံ ၉၅၂ ဧက စိုက်ပျိုးပြီးစီး
Dec 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံနှင့် ရင့်ရှည်ရေလှောင်တမံတို့မှ ဆည်ရေတို့ကို အသုံးပြု၍ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံမျိုးစုံ  ၉၅၂ ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ သီးနှံစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။