ပြင်ဦးလွင် ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်အေးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာ ဒေါ်နန်းတို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁၃ နာရီက ပြင်ဦးလွင်မြို့ အ.မ.က (၉) ကျောင်းမှ School Milk Program အနေဖြင့် ကျောင်းသား/ကျောင်းသူများအား နွားနို့တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ School Milk Program ဖြင့် နွားနို့တိုက်ကျွေးခြင်းသည် နိုင်ငံတော်အတွက် အသား ကဏ္ဍထုတ်လုပ်မှု အစိတ်အပိုင်းတစ်ရပ်ဖြစ်သော နို့ထုတ်လုပ်မှုတိုးတက်လာသည်နှင့် နွားနို့ သောက်သုံးမှု ပိုမိုလာခြင်းဖြင့် အာဟာရဖြည့်အစားအစာများ စားသုံးခြင်းကြောင့် ကျန်းမာကြံ့ခိုင် ဉာဏ်ရည်မြင့်မားသော မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းရေးကို မျှော်မှန်း၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)