သတင်းများ

ကျွန်းလှမြို့နယ်၌ ဒေသထွက် ပန်းမုံလာ ဈေးကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေ
Dec 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေတင် စိုက်ပျိုးသော ဒေသထွက် ပန်းမုံလာများ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မိုင်းရှူးမြို့၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Dec 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ မိုင်းရှူးမြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ယနေ့ နံနက် (၈)နာရီမှစတင်၍ ပင်စင်လစာများ ထုတ်ပေးလျက်ရှိသည်။
နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး
Dec 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်ခန့်က ထုတ်ပေးလျက်ရှိသည်။
မိုင်းယုမြို့၌ အခြေခံစာတတ်မြောက်ရေးသင်တန်း ရက်(၄၀) စတင်ဖွင့်လှစ် သင်ကြား
Dec 21,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အခြေခံစာမတတ်သူများ စာတတ်မြောက်စေရန်အတွက် အခြေခံစာတတ်မြောက်ရေးသင်တန်း ရက်(၄၀)ကို ယမန်နေ့ညနေ ၅ နာရီက စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြသည်။
စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 21,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့သို့ ယာယီနေရပ်စွန့်ခွာသူများ၏ ကျန်းမာရေး လိုအပ်ချက်များအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေး
Dec 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးနှင့် သိန္နီမြို့နယ်အတွင်းတွင် ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ် များကြောင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး လျက်ရှိနေကြောင်း သိရသည်။
လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 21,2023
မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သတင်းအမှား/အမှန် ခွဲခြားသုံးသပ်နိုင်စေရန်တို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း  အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
လားရှိုးမြို့နယ် စဉ့်အင်ကျေးရွာအနီး စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီးများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ
Dec 21,2023
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိသေးသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ စဉ့်အင်ကျေးရွာအနီးတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီးများကို လားရှိုးမြို့တွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။