မုဒုံ ဒီဇင်ဘာ ၂၁
ရက်ကန်းပညာရပ် တိမ်ကောပပျောက်မှုမရှိစေရေးအတွက် မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် လက်ရက်ကန်း (၆)လသင်တန်း ပထမအကြိမ်ကို ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
သဘာဝဆိုးဆေးကိုအခြေခံ၍ အဝတ်အထည်အသုံးအဆောင်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်စေရန်၊ မြို့နယ်အတွင်း ရက်ကန်းလုပ်ငန်းကျွမ်းကျင်စွာ တတ်မြောက်၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိစေပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ တိုးပွားလာစေရန်နှင့် ယင်းလုပ်ငန်းများအတွက် လိုအပ်သော နည်းပညာအထောက်အပံ့များကို ဆောင်ရွက်ပေးနိုင်ရန် လက်ရက်ကန်းသင်တန်းများကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်က ပြောသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ ၁ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ လက်ရက်ကန်းပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ရာ တက်ရောက်သူများအနေဖြင့် ကျောင်းတွင် နေထိုင်စားသောက်ရေး စီစဉ်ထား၍ သင်တန်းသူတစ်ဦးလျှင် လစဉ် ငွေကျပ် ၃၀၀၀၀ အား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သင်တန်းသူ ၁၀ ဦး လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)