ပခုက္ကူ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တာဝန်ရှိသများနှင့် ဌာနဆိုင်ရာအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက အခြေခံပညာကျောင်းများတွင် စာစီစာကုံး၊ ပုံပြင်ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပမည့် လုပ်ငန်းအစီအစဉ်များအကြောင်း ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင် ဌာနဆိုင်ရာများအလိုက် အခမ်းအနားကျင်းပမည့်အစီအစဉ်များအကြောင်းနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
တက်လူ(ယောဧရာ)