ပူတာအိုမြို့နယ် အ.မ.က လွန်-ဂျူဗလီကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပူတာအို  ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကျောင်းသူ၊ ကျောင်းသားများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ ဓာတ်ပုံပြပွဲပြသခြင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို ဒီဇင်ဘာလ (၁၉)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်အဖြစ် သုတရသစာအုပ်များ၊ ရုပ်ပြစာအုပ်များနှင့် တိုင်းရင်းစာပေအဖွဲ့များက ထုတ်ဝေသော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပုံပြင်စာအုပ်များကို ဖတ်ရှုလေ့လာစေခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)