လားရှိုးမြို့တွင် ၂၀၂၃ -၂၀၂၄ ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းများ ပြုလုပ်

လားရှိုး ဒီဇင်ဘာ ၂၁

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သည့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ခရိုင်အဆင့် လူရည်ချွန်စစ်ဆေးခြင်း စာမေးပွဲများကို ယမန်နေ့က လားရှိုးမြို့ အမှတ် (၅)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။

လူရည်ချွန်စာမေးပွဲသို့ လားရှိုးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade -9 အဆင့်တွင် ၃၀ ဦး၊ Grade-10 အဆင့်တွင် ၂၈ ဦး၊ grade 11  အဆင့်တွင် ၂၉ ဦး၊ Grade 12 အဆင့်တွင် ၂၅ ဦး စုစုပေါင်း ၁၁၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

လူရည်ချွန်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူများ၏ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုအားကစားကွင်း၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)